Posts

Showing posts from July, 2017

ခွင့်လွှတ်ခြင်း

ခွင့်လွှတ်ခြင်း -------------- ငါမှန်ပြီး မင်းမှား မင်းမတရားလို့ မင့်အပြစ်ကို ငါ့နှလုံးသားမှာစိမ် အမုန်းတရားကို  ငါ့နှလုံးသားမှာ ပျိုးထောင်နေမဲ့အစား... သမုတိနယ်မှာ ကိလေသာနဲ့ နေသမျှ အမှန် အမှားဆိုတာ သတ်မှတ်ချက်ပါပဲ... မင့်အမှားကို  ငါ့အမုန်းများနဲ့ တုံ့ပြန်နေမဲ့အစား မင့်ကို လူသားတဦးလိုမြင်ကာ ကျန်းမာ ချမ်းသာဖို့ စိတ်ထားလိုက်ပါတယ်... မင့်ရဲ့ မမျှတမှုတွေအတွက်  သနားစရာ မလိမ္မာတဲ့ သတ္တ၀ါတဦး ကိလေသာထူပြောလို့ ကိလေသာတွေရဲ့ အပြစ်ကို  မကြောက်တတ်သူတဦးအနေနဲ့ သနားပြီး ဂရုဏာထားလိုက်ပါတယ်... သတ္တ၀ါမှန်သမျှ  ကိုယ်ပြုသမျှ ကိုယ့်ကံပဲ သဘောထား... သတ္တ၀ါမှန်သမျှ  ငါ့အပေါ်မှားရင် သနားမေတ္တာနဲ့ ခွင့်လွှတ်နိုင်တဲ့ စိတ်ထားမြတ်တဲ့သူ ဖြစ်ရပါလို၏ ဆုတောင်းလိုက်ပါတယ်... မင်းဟာ  ငါ့ပါရမီ ကူညီဖြည့်သူလို့ သတ်မှတ်လိုက်ပါတယ်... သတ္တ၀ါမှန်သမျှ ချမ်းသာကြပါစေ...

ငရဲပန်း ရွှေပန်းထင်

ငရဲပန်း ရွှေပန်းထင် ----------------------- ဒီနေရာလေးမှာ မေးစရာရှိပါတယ်။ ဒီဘုံ(၃၁) ဘုံမှာ ငရဲဘုံဆိုတာ အင်မတန်မကောင်းတဲ့ ဘုံဖြစ်ပါတယ်။ ပြိတ္တာ၊ အသူရကယ် တိရစ္ဆာန်ဆိုတဲ့ ဘုံတွေဟာလည်း မကောင်းကြပါဘူး။ ဒါ့ကြောင့် ဒီမကောင်းတဲ့ ဘုံဘ၀မျိုးတွေကို တပ်မက်သာယာတဲ့ တဏှာ ဖြစ်နိုင်ပါ့မလားလို့ မေးစရာ ရှိပါတယ်။ အဖြေကတော့ လွယ်ပါတယ်။ ငရဲကို ငရဲမှန်းသိပြီး မကောင်းဘူးလို့ ထင်တဲ့ လူအဖို့မှာ ငရဲကို မတပ်မက် နိုင်တာ မှန်ပါတယ်။ ငရဲမှန်းမသိတဲ့ လူကတော့ ကောင်တယ်ထင်ပြီး အဲဒဒါကို လိုချင်တပ်မက်ပါတယ်။ အဲဒါဟာ အများကြားဖူးနေတဲ့ မိတ္တ၀ိန္ဒက အကြောင်းအရာနှင့် ထောက်ဆကြည့်ရင် ထင်ရှားနေပါတယ်။ မိတ္တ၀ိန္ဒက ဆိုတဲ့သူဟာ သူ့အမေစကားကို နားမထောင်ဘဲ အမေကို ပြောဆို ပြစ်မှားပြီးတော့ အိမ်ကထွက်သွားပြီး ရောက်တတ်ရာရာကို လျှောက်သွားနေတယ်။ ယခုကာလ လေလွင့်နေတဲ့ အိမ်ပြေးသူငယ်တွေလို နေမှာပေါ့။ အဲဒီလိုရောက်တတ်ရာရာကို သွားနေရင်း သင်္ဘောဆိပ်ရောက်တော့ ပင်လယ်ကူး သင်္ဘောနဲ့ လိုက်သွားတယ်။ ပင်လယ်ထဲမှာ သင်္ဘောလိုရာမသွာဘဲ ဒုက္ခရောက်နေတော့ သူယုတ်မာပါလာလို့ ဒုက္ခရောက်ရတယ်လို့ ယူဆပြီး ကံဆိုးမဲချကြတယ်။ အဲဒီအခါ မိတ္တ၀ိန္ဒက ကိုကံဆိုးမဲက ကျတာနဲ့ သူ့ကို ၀ါးစီးဖောင်ကလေးနဲ့ ပင်လယ်...

ခဏိက သမာဓိ

ခဏိက သမာဓိ ------------------- စိတ်ကလေးဟာ ဘယ်လိုမှ မပျံ့လွင် မပြေးသွားတော့ဘဲ မှတ်သင့်တဲ့ အာရုံလေးတွေရဲ့ အပေါ်မှာသာ ကျလျက် ကျလျက်ရှိပြီး တည်ငြိမ်နေတယ်။ ~~~~~~~~~ မှတ်စရာအာရုံတွေက ပြောင်းလဲနေပေမဲ့လို့ မှတ်စိတ်ကလေးရဲ့ တည်ငြိမ်ပုံကတော့ မပြောင်းလဲဘူး။ တသမတ်တည်းဖြစ်ပြီး တည်ငြိမ်နေတယ်။ ~~~~~~~~~ အဲဒါကို ၀ိပသနာ ခဏိက သမာဓိလို့ ခေါ်ပါတယ်။ သမထဘာဝနာ အလုပ်က ရလာတဲ့ ဥပစာရသမာဓိနဲ့ တူညီနေပါတယ်။ ဒါ့ကြောင့် အဲဒါကို စိတ္တ၀ိသုဒ္ဓိလို့ ဆိုရတယ်။ မဟာစည်ဆရာတော်ဘုရားကြီး ပုရာဘေဒသုတ် တရားတော် စာမျက်နှာ ၁၄၈ (၂၀၀၅ နှစ်)